Enter Title

 

အလွန်ကြီးမားသော ပင်လယ်လိပ်တစ်ကောင်၊ ဓာတ်ပုံ။Andy Mann / 3 Strings Productions 

    ကီလိုမီတာ ၂၄၀၀ အရှည်ခန့်ရှိသော မြန်မာပြည်၏အဓိကကျသော ကမ်းရိုးတန်း သည်   အရှေ့တောင်အာရှ မှ အများစုနှင့်နှိုင်းယှဉ်လျှင် အများအားဖြင့် မပျက်မစီး နှင့် သဘာဝအတိုင်းလှလှပပရှိနေသေးသည်။ အဓိကအားဖြင့် မြောက်မှတောင်သို့ပင်လယ်ကမ်းစပ်ဧရိယာ(၃ )ခုရှိပါသည်။၎င်းတို့မှာ-

(၁) ရခိုင်ကမ်းရိုးတန်းဒေသ(မြောက်ဘက်ဆုံးနတ်မြစ်ဝမှမော်တင်စွန်းထိရှိပြီး ၊၇၄၀ကီလိုမီတာရှည်လျားသည်။)

(၂) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ(မော်တင်စွန်းမှမုတ္တမကွေ့ထိရှိပြီး၊၄၆၀ကီလိုမီတာရှည်လျားသည်။)

(၃) တနသာင်္ရီကမ်းရိုးတမ်းဒေသ(မုတ္တမကွေ့မှတောင်ဘက်စွန်းပါချန်မြစ်ဝထိရှိပြီး၊၁၂၀၀ကီလိုမီတာရှည်လျားသည်။)ကျွန်းပေါင်း၁၇၀၀ ကျော်တည်ရှိပါသည်။

       ပင်လယ်ပြင်နေမျိုးစိတ်များနှင့် မြန်မာ့ကမးရိုးတန်းတလျှောက်နေထိုင် ကျက်စားရာဒေသများကို အကဲဖြတ် လေ့လာမှု့ မလုပ်ဖြစ်သ လောက် ပင်ဖြစ်ပါသည်။ ထို့အတူ ငါးဖမ်းလုပ်ငန်းများသည် ဒေသအများစု၏လွှမ်းမိုးနေသော အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ် နေပါ သည်။ ယင်းငါးဖမ်းလုပ်ငန်းများ၏ ရေရှည်ထိန်းသိမ်းနိုင်မှုအတိုင်းအတာကို မည်သည့်အချက်အလက်မျှမသိရပေ။ 

     မြန်မာ့ပင်လယ် ကမ်းရိုးတန်းရေပိုင်နက်ကို အချို့သောအရေးကြီးသည့် ကမ္ဘာ့ပင်လယ်ပြင် ဇီဝမျိုးစုံမျိုး ကွဲများခေတ္တ နားခိုရာ အဖြစ်လည်းယူဆ နိုင်ပါသည်။ ကမ်းနီး၊ ကမ်းဝေးကျွန်းများသည် ကမ္ဘာ့လုးံဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်သော ပင်လယ်လိပ်များ၏ ကျက်စားရာနေရာဒေသဖြစ်သည်။ အနောက်မြောက်ဘက်တွင် ကြီးမားကျယ်ပြန်သော ရေအောက် ပင်လယ်မြက် ခင်းပြင်ကြီးများ နှင့် အရှေ့တောင် အာရှ၏အကြီးမားဆုံး ကျန်ရှိသောဒီရေတောများ သည် ရေဝက်မျိုးစိတ် အပါအဝင်   တချို့သော မျိုးစိတ်တို့အတွက် ရေးကြီးသောနေရပ် ရင်းလည်းဖြစ်ပါသည်။ တနသာင်္ရီတိုင်း ဒေသကြီး  မြိတ်ကျွန်းစု တောင်ဘက်ရေပိုင်နက်သည်  သန္တာကျောင်းတန်းပေါများရာ အရပ်ဟု ယူဆထားကြပါသည်။

 

သားငှက်ထိန်းသိမ်းရေးအဖွဲ့ မှ မြိတ်ကျွန်းစုအနီး သန္တာကျောက်တန်းများ၏ ထိန်းသိမ်းထားမှု အခြေအနေကို မှတ်တမ်းယူနေစဉ်။ ဓါတ်ပုံ©Andy Mann/3 Strings productions

ီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအဖွဲ့ (CBD) နှင့် နိုင်ငံတကာမျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်သော တောရိုင်းတိရစ္ဆာန်နှင့် အပင် ရောင်းဝယ် ဖောက်ကားခြင်း ထိန်းသိမ်းရေး အဖွဲ့အစည်းကြီး (CITES)တို့ ၏ ညှိနိုင်းဆောင်ရွက်မှု့ မူအရ ရေရှည်တည်တန့်သောမြန်မာ့ပင်လယ်ပြင် ရင်းမြစ် များ  ကိုထိန်းသိမ်းရန်အတွက် အောက်ဖော်ပြပါမဟာဗျူဟာ(၄)ချက်မှတဆင့် အဏ္ဏဝါအစီအစဉ်ကို အလေးထားဆောင်ရွက်နေပါသည်။၎င်းမဟာဗျူဟာ(၄)ရပ်မှာ-

    (၁) အဏ္ဏဝါပြင် ကဏ္ဍစုံစီမံကိန်းရေးဆွဲခြင်း

    (၂) ရေရှည်တည်တန့်သောငါးဖမ်းနည်းစနစ်

    (၃) ဖြစ်ထွန်းတိုးတက်မှုရှိသောငှက်တိရစ္ဆာန်ထိန်းသိမ်းရေးနှင့်

    (၄) သဘာဝတ်ဝန်းကျင်ဆိုင်ရာလုံ ဘေးကင်းခြုံ စိတ်ချရေးစီမံချက်တို့ပဲဖြစ်ပါသည်။

   သားငှက်ထိန်းသိမ်းရေးအဖွဲ့သည်    အများပြည်သူ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ နှင့် အတူပူးပေါင်း ဆောင်ရွက်နေပြီး၊ စည်းမျဉ်း စည်းကမ်းနှင့် ဈေးကွက်ယန္တရားကိုလည်း ထိန်းညှိပေးနေရင်း၊ ရေရှည်တည်တန့်သော အပြာရောင် စီးပွားရေး တစ်ခုဆီ ဦးတည်သော စီးပွားရေး ဖွံ့ဖြိုးမှု နှင့်အတူ ထိန်းသိမ်းရေး လုပ်ငန်းကို လည်း ထိန်းညှိစေရန် ကျွန်တော်တို့ ရည်မှန်းပါသည်။


  ရေရှည်တည်တန့်သော အပြာရောင်စီးပွားရေးစနစ်

    ရေရှည်တည်တန့်သော ပင်လယ်ပြင်အခြေပြု စီးပွားရေးစနစ်ဆိုသည်မှာ ပင်လယ်ပြင်ဂေဟစနစ်ကို ရေရည်ချိန်ခွင်လျှာညီမျှစေသော လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေသော ခိုင်မာသော နဂိုအနေကို ပြန်ရောက်ရှိသော စီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ 

(The Economist Intelligence Unit, 2015)

      ယင်းရည်ရွက်ချက် အထောက်အပံ့ဖြစ်စေရန် ကျွန်တော်တို့အဏ္ဏဝါသုတေသနနှင့် ထိန်းသိမ်းရေး မျှော်မှန်းချက်များမှာ -

    (၁)မြန်မာ့ကမ်းရိုးတန်းတလျှောက် ရည်မှန်းထားသော ဇီဝမျိုးစုံမျိုးကွဲများကို နေရပ်ရင်း စစ်တမ်းကောက်ယူခြင်း၊

   (၂) ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အဏ္ဏဝါ နေရာများ အစီအစဉ်ရေးဆွဲခြင်း လုပ်ငန်းစဉ် ရေးဆွဲခြင်းနှင့် ဖြန့်ဝေခြင်း

   (၃)ကမ်းဝေး၊ကမ်းနီးငါးဖမ်းခြင်းဆိုင်ရာဥပဒေ နှင့် အလေ့အထများဖြင့် ငါးဖမ်းခြင်းလုပ်ငန်းအပေါ် ပြုပြင်ပြောင်းလဲရန် အသိပေးခြင်းကို အကဲဖြတ်ရန်

   (၄)ငါးဖမ်းလုပ်ငန်း အကောင်ထည်ဖော်ခြင်း နှင့် အတူတကွပူးပေါင်းစီမံခန့်ခွဲခြင်းဖြစ်လာစေရန်

  (၅)ဈေးကွက်အခြေခံသောငါးလုပ်ငန်းများထိန်းသိမ်းခြင်း နှင့် ပြန်လည်ထိန်းသိမ်းခြင်းပုံစံတို့ကို တီထွင်ဖန်တီး ငွေကြေးထောက်ပံ့ခြင်း၊အကောင်အထည်ဖော်ခြင်းနှင့် ပုံစံရေးဆွဲခြင်း 

  (၆)နားလည်လွယ်သော အဏ္ဏ၀ါပင်လယ်ပြင် ကာကွယ်ထိန်းသိမ်းရေးနေရာများ ကွန်ရက်  အန္တရာယ်ကင်းရှင်းရေး

 (၇) ခိုင်မာသော ပတ်ဝန်းကျင်ရေးရာ ထိခိုက်မှုများ ပုံဖော်ခြင်း၊သဘာဝပတ်ဝန်းကျင်ထိ ထိခိုက်မှု အကဲဖြတ်ချက်များ စီမံခြင်းကို တုန်ပြန်မှုပေးရန် တို့အတွက် ပူးပေါင်း ပုံစံရေးဆြွဲခင်း             ယန္တရားလုပ်ငန်းစဉ်  

  (၈)ငါမန်း၊ငါးလိပ်ကျောက်၊လိပ်နှင့်ရေ၀က်အစရှိသည့်ပင်လယ် နေမျိုးစိတ်အတွက် ထိန်းသိမ်း ကာကွယ် ရေးမဟာဗျုဟာ များရေး ဆွဲခြင်း နှင့် 

(၉)အဏ္ဏ၀ါပြင်ထိန်းသိမ်းရေး နှင့်သုတေသန   လုပ်ငန်းများ အတွက်နိုင်ငံတော် အဆင့် စွမ်းဆောင်ရည်ဖြည့်တင်း ပေးခြင်းများကို လည်းထောက်ပံ့ ရန်တို့ဖြစ်ပါသည်။

ပိုမိုပြည့်စုံသောသတင်းအချက်အလက်များ အတွက် အောက်ပါ လင့်ခ်ကို နိပ်ပါ၊ Current knowledge and research recommendations for Marine Conservation in Myanmar.

 

သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြိတ်ကျွန်းစု လေ့လာရေးခရီးစဉ်တွင် စစ်တမ်းအစီအစဉ်များအား ပြန်လည်သုံးသပ်နေစဉ်။ဓါတ်ပုံ ©Andy Mann/3 Strings Productions

Copyright 2007-2021 by Wildlife Conservation Society

WCS, the "W" logo, WE STAND FOR WILDLIFE, I STAND FOR WILDLIFE, and STAND FOR WILDLIFE are service marks of Wildlife Conservation Society.

Contact Information
Address: 2300 Southern Boulevard Bronx, New York 10460 | (718) 220-5100