Enter Title

       

         ဧရာဝတီလင်းပိုင်အရေအတွက်သည် ပြီးခဲ့သော နှစ်အနည်းငယ်လောက် အတွင်းတွင် အကျဘက်ရောက်လာနေပါသည်။ ၂၀၁၂ ခုနှစ်တွင် (၈၆)ကောင်ရှိရာမှ ၂၀၁၄ ခုနှစ်တွင်(၅၈) ကောင်သာကျန်ရှိပါသည်။ ခြိမ်းခြောက်မှုအန္တရာယ်များထဲမှ အဓိကပြသနာမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းကြောင့်ဖြစ်သည်။ ငါးဖမ်းသမားများသည် ကားဘက်ထ္ထရီများနှင့်သတ္တု ချောင်းအရှည်တို့ကို အသုံးပြုခြင်းဖြင့် ငါးများကို သေစေခြင်းကြောင့် ဧရာဝတီလင်းပိုင်းများ ကိုလည်း ဓါတ်လိုက်သေဆုံးခြင်းဖြစ်စေပါသည်။ လျှပ်စစ်ရှော့ တိုက်ငါးဖမ်းခြင်းသည် ငါးများ၏ နေထိုင်ကျက်စား ရာနေရာများ ပျက်စီးစေခြင်း နှင့်ငါးအရေအတွက် ပျက်သုဉ်းလျော့ပါးလာစေပါသည်။ အခြားသောပြသနာတစ်ခုမှာ ငါးဖမ်းပိုက် စိတ်စိတ်ဖြင့် မြစ်ဧရိယာကျယ်ကျယ်တွင် ဖြတ်သန်းသွားသော ငါးအသေးအကြီးမှန်သမျှကို ဖမ်းဆီးခြင်းဖြစ်ပါသည်။ ရွှေတူးဖော် ခြင်းလုပ်ငန်းမှ ဖြစ်ပေါ်လာသောအနည်များ နှင့်အခြားသော သောင်တူးဖော်ခြင်း လုပ်ငန်းများ မှ အနည်အမှုန်များသည်လည်း ဧရာဝတီလင်းပိုင်များ ကျက်စားရာနေရာများကို ပျက်စီးစေပါသည်။ မြစ်အထက်ပိုင်းတွင်ဖြစ်ပေါ်နေသော ခေတ်သစ်ဖွံဖြိုးမှုဖြစ်သော ရွှေရှာဖွေရေး လုပ်ငန်းများမှ ပြဒါးအဆိပ် သင့်စေ ခြင်းသည် လည်း နောက်တိုး အန္တရာယ်တစ်ခုပင် ဖြစ်ပါသည်။ ဧရာဝတီမြစ်အတွင်း ခရီးသွားလာမူ့မြင့်တက်လာသောကြောင့် ဧရာဝတီလင်းပိုင်တို့၏ ကျက်စားရာနေရာများမှ ရွေ့ပြောင်းသွားခြင်း၊ လင်းပိုင်ကြည့် ရေယာဉ်များတိုက်မိခြင်း၊ ထိခိုက်မိစေခြင်းစသော အကြောင်းများ ဖြစ်လာနိုင်စရာရှိနေပါသည်။ 

Read more about the Irrawaddy River ecosystem.

Copyright 2007-2021 by Wildlife Conservation Society

WCS, the "W" logo, WE STAND FOR WILDLIFE, I STAND FOR WILDLIFE, and STAND FOR WILDLIFE are service marks of Wildlife Conservation Society.

Contact Information
Address: 2300 Southern Boulevard Bronx, New York 10460 | (718) 220-5100