IUCN စာရင်းအရ၊ကမ္ဘာလုံးမျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော မျိုးစိတ် (၄၆)မျိုး မြန်မာနိုင်ငံတွင်ရှိနေပါသည်။၎င်းတို့ထဲမှ (၈)မျိုးမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ်ဖြစ်ပြီး၊ (၁၂)မျိုးမှာ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်ဖြစ်ပြီး၊ (၂၆)မျိုးမှာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် တို့ဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဌာနေရင်းငှက် (၆)မျိုးရှိပါသည်။ယင်းတို့မှာ (၁) Jerdon’s Minivet Pericrocotus albifrons (၂) Hooded Treepie Crypsirina cucullata (၃) Burmese Bushlark Mirafra microptera (၄) Burmese Tit Aegithalos sharpie (၅)White-throated Babbler Turdoides gularis နှင့် (၆)White-browed Nuthatch Sitta victoria တို့ဖြစ်ပါသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ မြန်မာပြည်တဝှမ်း ငှက် စာရင်းကောက်ယူလေ့လာ ခြင်းပြုလုပ်နေစဉ် အတောအတွင်း အရှေ့ တောင် အာရှအတွက် ငှက်မျိုးစိတ် အသစ်(၄)မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယင်းမျိုးစိတ်တို့မှာ (၁)Long-tailed Rosefinch Uragus sibiricus (၂) Red-fronted Rosefinch Carpodacus puniceus (၃) Brandt's Mountain Finch Leucosticte brandti နှင့်(၄) Smoky Warbler Phylloscopus fuligiventer တို့ဖြစ်ပါသည်။ ၄င်းမျိုးစိတ် အားလုံးကို မြန်မာပြည် မြောက်ဘက်စွန်းမှ မှတ်တမ်းတင် နိုင်ခဲ့ခြင်းဖြစ်ပါသည်။ စာရင်းကောက်ယူမှုမှလည်း မြန်မာပြည်အတွက် ငှက်မျိုးစိတ် အသစ် (၆)မျိုးကို မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။ ယင်းတို့မှာ (၁) White-browed Crake Porzana cinerea, (၂) Malaysian PloverCharadrius peronii, (၃)Pied Falconet Microhierax melanoleucus, (၄)Brambling Fringilla montifringilla, (၅)Rufous-bellied Swallow Cecropis badia နှင့်(၆) Spectacled Spiderhunter Arachnothera flavigaster တို့ဖြစ်ပါသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကမ္ဘာလုံးခြိမ်းခြောက်ခံနေရသောမျိုးစိတ် တို့အပေါ်အဓိကထားသော ထိန်းသိမ်းရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်လျှက်ရှိပါသည်။၎င်းတို့မှာ-
ငဟစ်ဝမ်းဗိုက်ဖြူ -ဓါတ်ပုံ၊သက်ဇော်နိုင်
ငဟစ်ဝမ်းဗိုက်ဖြူ White-bellied Heron Ardea insignis သည်မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ်တစ်ခု အဖြစ်လည်းကောင်း၊မြန်မာ့ဌာနေရင်းငှက်အဖြစ်လည်းကောင်း စာရင်းတင်ထားပါသည်။မြန်မာနိုင်ငံ သဘာဝနယ်မြေအတွင်းရှိသားငှက်တိရစ္ဆာန်ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးဥပဒေ အရ ယခုမျိုးစိတ်ကို လုံးဝ ကာကွယ်ထားပါသည်။ယခင်က ၄င်းမျိုးစိတ်အား ရခိုင်ပြည်နယ်( မြန်မာပြည်အနောက်တောင်ဘက်ပိုင်း)၊ချင်းပြည်မြောက်ပိုင်း(မြန်မာပြည် အနောက်ပိုင်း)၊ မန္တလေးဒေသ (မြန်မာပြည်အလယ်ပိုင်း)၊ ပဲခူးဒေသ(မြန်မာပြည်တောင်ပိုင်း) နှင့် ကချင်ပြည်နယ်( မြန်မာပြည်မြောက်ပိုင်း)တို့တွင်တွေ့ခဲ့ရပါသည်။ White-bellied Heron နှင့်ပတ်သက်သော သမိုင်းအထောက်အထား မြန်မာနိုင်ငံတွင် မရှိသလောက်ပင် ဖြစ်ပါသည်။၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ ငှက်စာရင်းကောက်ယူသောအဖွဲ့သည် ယင်းမျိုးစိတ်အတွက် သင့်တော်သည် ဟု ယူဆရသော နေထိုင်ကျက်စားရာ မြန်မာပြည်မြောက်ပိုင်းမှ စစ်ကိုင်းဒေသနှင့် ကချင်ပြည်နယ် တို့တွင် စာရင်းကောက်ယူလေ့လာမှုဆောင်ရွက်ခဲ့ပါသည်။စာရင်းကောက်ယူနေစဉ်အတွင်း ယင်းမျိုးစိတ်ကို ဟူးကောင်းဘေးမဲ့တော၊ဖုန်ကန်ရာဇီ ဘေးမဲ့တော၊နောင်မွန်းဒေသ နှင့် မချမ်းဘောဒေသမှ မလိခ မြစ်အတွင်းတို့တွင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။. ယင်းမှတ်တမ်းတင်နိုင်ခဲ့သော နေရာတို့ထဲမှ နောင်မွန်း နှင့် မလိခမြစ်တို့သည် နေရာသစ်တွေ့ရှိမှုဖြစ်ပြီး၊ဟူးကောင်းနှင့် ဖုန်ကန်ရာဇီတို့သည် သမိုင်းကြောင်းအရ တွေ့ရှိပြီးသားနေရာတို့ဖြစ်ပါသည်။ဤမျိုးစိတ်ကို မြန်မာပြည်အရှေ့ဘက်ခြမ်းရွှေလီမြစ်တွင်လည်း ၂၀၁၂ ခုနှစ် တွင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။၎င်းမျိုးစိတ်၏နေရာသစ်တွေ့ရှိမှုပင်ဖြစ်ပါသည်။စာရင်းကောက်ယူမှု ရလာဒ်အရ လူသားတို့၏နှောက်ယှက်မှု နှင့် နေထိုင်ကျက်စားရာပျောက်ဆုံးခြင်း တို့သည် မြန်မာပြည်မှ ယင်းမျိုးစိတ် အတွက် သိသာထင်ရှာေးသာ ခြိမ်းခြောက်မှုပင်ဖြစ်ပါသည်။ယင်းမျိုးစိတ်၏ပျံ့နှံ့နေထိုင်ပုံ၊ ယခင်တွေ့ရှိဘူးသော နေရာများမှ လက်ရှိအနေအထား နှင့် မြန်မာပြည်တွင် ယင်းမျိုးစိတ်အတွက် သင့်တော်သည်ဟု ယူဆရသော နေထိုင်ကျက်စားရာနေရာများ ကို ရှင်းလင်းအောင် စစ်တမ်းကောက်ယူလေ့လာမှု့များကို သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်ပါမည်။သားငှက်ထိန်းသိမ်းရေးအဖွဲ့သည် IUCN SSC White-bellied Heron Working Group နှင့် White-bellied Heron အတွက် တက်ကြွစွာပါဝင်ဆောင်ရွက်နေပါသည်။ နောက်ထပ်အချက်အလက်များအတွက် www.whitebelliedheron.org ကိုနှိပ်ပါ။
လင်းတကျောဖြူ-ဓါတ်ပုံ၊သက်ဇော်နိုင်
မြန်မာ့သားငှက် နှင့် သဘာဝနေရာများထိန်းသိမ်းရေးဥပဒေ အရ လင်းတကျောဖြူ (White-rumped Vulture Gyps bengalensis )မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ်တစ်ခု အဖြစ် စာရင်းနေပြီး၊လုံးဝကာကွယ်ထားပါသည်။အိန္ဒိယတိုက်ငယ်၊အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံတို့တွင် ယခင်က ပေါများစွာတွေ့ရပါသည်။လင်းတ များသည် နေထိုင်ကျက်စားရာပျောက်ဆုံးသောကြောင့်လည်းကောင်း၊ Diclofenec နှင့် တခြားသော ဓါတုပစ္စည်းများကြောင့်လည်းကောင်း၊အစားပြတ်လပ်မှုများကြောင့်လည်းကောင်း သူတို့၏ယခင်နေရင်းဒေသများစွာမှ အရေအတွက်ကျဆင်းလာနေပါသည်။မြန်မာနိုင်ငံတွင် အသုးံပြုမှုသည် ခြိမ်းခြောက်မှုတစ်ခုမဖြစ်နေသော်လည်း၊ အသိုက်ဖျက်ဆီးခံရခြင်း၊အမဲလိုက်ခြင်း၊ကျွဲနွားများ အဆိတ်မိခြင်း နှင့် ရောဂါဖြစ်နိုင်ခြေရှိနေခြင်းတို့သည် လင်းတအရေအတွက်အပေါ် လွှမ်းမိုးနေသောခြိမ်းခြောက်မှုဖြစ်နေပါသည်။၂၀၁၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် သစ်တောဌာန၊ သဘာဝ၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှပညာရှင်အဖွဲ့ နှင့် သားငှက်ထိန်းသိမ်းရေးမှ အဖွဲ့တို့သည် မြန်မာပြည်မြောက်ပိုင်း၊ဟူးကောင်းဘေးမဲ့တောမှ ပေါက်ပွားနေသာ လင်းတကျောဖြူ အုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိရပါသည်။ယင်းအသိုက်နေရာသည် ဘေးမဲ့တော၏တောင်ဘက်အစွန်၊လီဒိုလမ်းပေါ်မှ ဒူဘန်ရွာအနီးတွင် တွေ့ရှိရပါသည်။ လင်းတကျောဖြူအတွက် မြန်မာပြည်နောက်ဆုံးမှတ်တမ်းမှာ ၁၉၃၂ ခုနှစ်ဖြစ်ပါသည်။ (Stanford and Ticehurst 1935).သစ်ပင် ၁၀ ပင်တွင် သီးခြားစီ အသိုက် ၁၀ ခုတွေ့ရှိရပါသည်။ငှက်များအားလုံးသည် အတောင်အလက်စုံလင်လာပြီး၊ဇွန်လလောက်တွင် သူ့တို့ပေါက်ပွားရာမိဘအသိုက်မှ ထွက်ခွာသွားကြပါသည်။၁၉၃၃ ခုနှစ်မှ စတင်၍ ယင်းပေါက်ပွားမှုသည် ပထမဆုံး အတည်ပြုနိုင်ခြင်းလည်းဖြစ်ပါသည်။၂၀၁၂ ခုနှစ်၊ ၂၀၁၃ခုနှစ်တွင် ဒိုဘမ်းဒေသခံသစ်တောစောင့်ရှောက်သူများ၊အနီးအနားမှ လူများပါဝင်သော သားငှက်ထိန်းသိမ်းရေးအဖွဲ့သည် လင်းတနှင့် သူတို့အသိုက်များကို စောင့်ကြည့်လေ့လာခဲ့ပါသည်။နှစ်တိုင်း အသိုက်အားလုံး အောင်မြင်စွာပေါက်ပွားကြပါသည်။နောင်အနာဂါတ်တွင်တွင်လည်း ယင်းမျိုးစိတ်၏ ထပ်တွေ့နိုင်မည့်အသိုက်များရှာဖွေရန် စာရင်းကောက်ယူမှုများဆောင်ရွက်သွားပါမည်။မျိုးသုဉ်းလုနီးပါးဖြစ်သော Slender-billed Vulture Gyps tenuirostris တချို့ကိုလည်း၎င်ေးဒသတွင် တွေ့ရှိရပါသည်။
မြစ်တွေးရင်မဲ-ဓါတ်ပုံ၊သက်ဇော်နိုင်
မြန်မာ့သားငှက် နှင့် သဘာဝနေရာများထိန်းသိမ်းရေးဥပဒေ အရ မြစ်တွေးရင်မဲ(Black-bellied Tern Sterna acuticauda ) ကိုလုံးဝကာကွယ်ထားပြီး၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် စာရင်းသွင်းထားပါသည်။၎င်းမျိုးစိတ်သည် ယခင်က မြန်မာနိုင်ငံတွင် ပေါများခဲ့ပါသည်။၂၀၀၄ခုနှစ်မှစတင်၍ ငှက်စာရင်းကောက်လေ့လာမှုများကို ရေတိမ်ဒေသများတွင်ဆောင်ရွက်ခဲ့ပြီး၊ဒေသများစွာတွင် ၄င်းမျိုးစိတ်အားမှတ်တမ်းတင်နိုင်ရန် မဆောင်ရွက်နိုင်ခဲ့ပါ။၂၀၀၄ ခုနှစ်၊ မုံရွာနှင့် ခန္တီးကြား ချင်းတွင်းမြစ်ရိုးတလျှောက်တွင် ၄င်းမျိုးစိတ် (၄၃) မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် ငှက်စာရင်းကောက်ယူမှုဆောင်ရွက်ရာတွင် မတွေ့ရှိရေတော့ပါ။၂၀၁၃ ခုနှစ် အင်းတောကြီးရေတိမ်သားငှက်ဘေးမဲ့တောနှင့် ၂၀၁၃ ခုနှစ်၊၂၀၁၅ ခုနှစ် ထီးချိုင့် အပိုင်း ဧရာဝတီမြစ်တွင် မကြာသေးခင်က မှတ်တမ်းတင်နိုင်ခဲ့ပါသည်။စာရင်းကောက်လေ့လာမှုအရ လူအများအခြေခြနေထိုင်မှု နှင့် နေထိုင်ကျက်စားရာဒေသများ နှောက်ယှက်ခံရခြင်းတို့ သည် မြန်မာနိုင်ငံတွင် ယင်းမျိုးစိတ်တို့အတွက် သိသာထင်ရှာေးသာ ခြိမ်းခြောက်မှုတို့ပင်ဖြစ်ပါသည်။ယင်းငှက်များအသိုက်ဆောက်ရာသဲသောင်ခုံတို့တွင် ကျွဲ၊နွားများ စားကျက်ပြုလုပ်ခြင်းသည် ယင်းငှက်မျိုးစိတ်တို့အတွက် အန္တရာယ်ပင်ဖြစ်နေပါသည်။နောင်အနာဂါတ်တွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ မြန်မာနိုင်ငံတွင် လက်ရှိပျံ့နှံ့ကျက်စားပုံ နှင့် အနေအထားတို့ကို ရှင်းလင်းစေရန် ကျယ်ပြန်သော စာရင်းကောက်ယူလေ့လာမှုများ ဆက်လက်ဆောင်ရွက်သွားပါမည်။
ဂေါရင် (Plain-pouched Hornbill Aceros subruficollis ) သည် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်တစ်ခုဟု သတ်မှတ်ထားပြီး၊မြန်မာ့ဌာနေရင်းနီးပါးဖြစ်လာနေပါသည်။မြန်မာ့သားငှက် နှင့် သဘာဝနေရာများထိန်းသိမ်းရေးဥပဒေ အရ ယင်းမျိုးစိတ်ကို လုံးဝကာကွယ်ထားပါသည်။၎င်းကို မြန်မာနိုင်ငံတွင် တနင်္သရီဒေသ၊ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ပဲခူးဒေသ တို့တွင် ယခင်က တွေ့ရှိရပါသည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၅ ခုနှစ် ဇူလှိုင်လထိ၊ယင်းမျိုးစိတ်ကိုမှတ်တမ်းတင်နိုင်ခဲ့သောနေရာ ၅ ခု ရှိသော တနင်္သရီ တဝှမ်းတွင် ငှက် စာရင်းကောက်ယူလေ့လာခြင်းကို သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပါသည်။ယင်းမျိုးစိတ်နှင့်ပတ်သက်သော အလွန်များပြားသောအရေအတွက် ကို ငဝန် ကြိုးဝိုင်းသစ်တော တွင် ၃၉၈ ကောင် နှင့် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် ၁၂၃ ကောင်ဖြင့် အသီးသီးမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ခုချိန်ထိရှိနေနိုင်သေးသော ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ပဲခူးဒေသတို့မှ သစ်တောများရှိရာနေရာတို့တွင် မကြာသေးခင်က ငှက်စာရင်းကောက်လေ့မှုတချို့ဆောင်ရွက်ခဲ့ပါသည်။ငှက်စာရင်းကောက်လေ့လာမှုအရ မြန်မာပြည်တွင် ယင်းမျိုးစိတ်အတွက် နေထိုင်ကျက်စားရာပျောက်ဆုံးလာခြင်းသည် သိသာထင်ရှားသော ခြိမ်းခြောက်မှုပင်ဖြစ်သည်ဟု ဖော်ပြနေပါသည်။သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တနင်္သရီတွင် ယင်းမျိုးစိတ်ပျံ့နှံ့နေထိုင်ကျက်စားပုံနှင့် အခြေအနေကို ရှင်းလင်းစေရန် စာရင်းကောက်လေ့လာမှုများဆက်လက်ဆောင်ရွက်သွားပါမည်။
မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော Jerdon's Babbler Chrysomma altirostre မျိုးစိတ်ကို မေလ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်း ဥတိုစိုက်ပျိုးရေးခြံအနီးတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တွေ့ရှိခဲ့ပါသည်။မြန်မာပြည်တွင် နောက်ဆုံးမှတ်တမ်းတင်နိုင်ခဲ့သည်မှာ ပဲခူးဒေသ တွင် ၁၉၄၁ခုနှစ် ဇူလှိုင်လတွင်ဖြစ်ပါသည်။ပြီးခဲ့သော ၁၉ ရာစုတွင် ယင်းမျိုးစိတ်ကို ပဲခူး၊မန္တလေး ၊မကွေး နှင့် ကချင်ဒေသတို့တွင်တွေ့ရသည်။စာရင်းကောက်လေ့လာမှုမှရလာဓ်အရ နေထိုင်ကျက်စားရာမြက်တောများဆုံးရှုံးလာခြင်းသည် မြန်မာပြည်တွင် ၄င်းမျိုးစိတ်အတွက် သိသာထင်ရှားလှသောခြိမ်းခြောက်မှု ပင်ဖြစ်နေပါသည်။နောက်တစ်ကြိမ်မြန်မာပြည်မှ ပြန်လည်မပျောက်သွားရေးအတွက် ယင်းမျိုးစိတ်၏ နေထိုင်ပျံ့နှံ့ပုံ နှင့် အခြေအနေတို့ကို ရှင်းလင်းစေရန် များစွာသော စာရင်းကောက်လေ့လာမှုများ အရေးတကြီးလိုအပ်နေဆဲဖြစ်ပါသည်။